ဆံတော်ရှင်စေတီ: Difference between revisions

From Arakan Wikipedia
Jump to navigation Jump to search
Created page with "ရခိုင်မွေသရီရဓာတ်တို့တွင် အဓိကရဖြစ်ပြီး သေလာဂီရိဗျာဒိတ်ဝင်တ..."
(No difference)

Revision as of 12:01, 2 November 2018

ရခိုင်မွေသရီရဓာတ်တို့တွင် အဓိကရဖြစ်ပြီး သေလာဂီရိဗျာဒိတ်ဝင်တစ်ဆူ ဖြစ်သည်။ မြေငူကျွန်း၏ တောင်ဘက်ပိုင်း အနောက်ကမ်းခြေရှိ နီလာပဗ္ဗတတောင်ပေါ်တွင် တည်ရှိသည်။ ယခု ဉာဏ်တော်ပေ ၇၀ ရှိပြီး ထုချွန်ပုံ လုံးပိတ်စေတီ ဖြစ်သည်။ ဗုဒ္ဓသျှင်တော်သည် သေလာဂီရိတောင်ပေါ်၌ ခေတ္တရပ်နားစဉ် ဇေဋ္ဌတိုင်းမှ နာဂသေနာပတိနှင့်ရှစ်ဦးတို့က ဆွမ်းလုပ်ကျွေးရာ ဆံတော်လေးဆူရခဲ့၍ နီလာပဗ္ဗတတောင်သို့ ပင့်ဆောင်ကြကာ ကျောက်ပုံအဖြစ် တည်ခဲ့ကြသည်။ မကြာမြင့်မီ ဓညဝတီပြည်ရှင် စန္ဒသူရိယမင်းသည် မိမိ၏ မကိုဋ်ပုံတော်အတိုင်း အဆင့်သုံးဆင့်ဖြင့် ပြုပြင်တည်ထားခဲ့လေသည်။ (မူကွဲတစ်ခုမှာ ရွှေတိဂုံသမိုင်းနှင့် ဆက်စပ်ထားသည်။) ဘုရားပွဲတော်ကာလမှာ နတ်တော်လပြည့် (ဒီဇင်ဘာ) ဖြစ်သည်။ ရခိုင်ဒေသ၌ အစည်ကားဆုံးသော ဘုရားပွဲဖြစ်သည်။ စစ်တွေမှ ရေလမ်းခရီး ၁၈မိုင်တွင် စိုးမဲကျီဆိပ်သို့ ရောက်ရှိပြီး ၎င်းမှတစ်နာရီခန့် တောင်ကျော်ရသည်။ စေတီတော်တောင်ဘက် အနီးတွင် ခြေတော်ရာနှင့် ကျောက်စတူပါများ ကိန်းဝပ်သော သိမ်တော်ရာအရပ်တို့ ရှိကြသည်။