စူဠစန္ဒြား: Difference between revisions
Jump to navigation
Jump to search
Ounghlathein (talk | contribs) No edit summary |
Ounghlathein (talk | contribs) No edit summary |
||
Line 1: | Line 1: | ||
[[File:Slsd.jpg|300px|thumb|right|Sample Image]] | [[File:Slsd.jpg|300px|thumb|right|Sample Image]] | ||
[[ဝေသာလီ]] [[ | [[ဝေသာလီ]] [[စိုင်းဒြားမင်းကိုးဆက်]]၏ နောက်ဆုံးမင်း ဖြစ်သည်။ အေဒီရှစ်ရာစုတွင် နန်းတက်သည်။ အရှေ့ပြည်က အမတ်နှစ်ယောက်၏ အစီအမံကြောင့် ခမည်းတော်သီရိစန္ဒြားနှင့် နောင်တော်မဟာစန္ဒြားတို့ ရုတ်တရက် လွန်သွားကြပြီးနောက် ထီးနန်းရခဲ့သည်။ မကြာခဏ တိုင်းခန်းလှည့်တတ်သည်။ ဤမင်း၌ စစ်လှေပေါင်း ကိုးသောင်းရှိသည်ဆို၏။ | ||
နန်းသက်ကိုးနှစ်တွင် အနောက်တစ်လွှားကိုစစ်ချီခဲ့ရာ၌ [[စစ်တကောင်း]]ကို တည်ခဲ့သည်။ ၇၆၉ ခုနှစ်တွင် လက်အောက်ခံ ပဥ္စလရာဇ် သင်းတွဲပြည်သို့ ရေကြောင်းချီရာ အပြန်တွင် ဖေါင်တော်ပျက်၍ ကံကုန်လေသည်။ (အချို့က တောတောင်အနှံ့ သွားလာနေရင်း ရေနစ်၍ ကံကုန်လေသည် ဟူ၏)။ အတူလိုက်ပါသွားသူ အမတ်ကြီးဓမ္မဇေယျအား မိဖုရားကြီးစန္ဒာဒေဝီက အမျက်ရှိသဖြင့် တိုင်းပြည်မှ နှင်ထုတ်ခဲ့လေသည်။ | နန်းသက်ကိုးနှစ်တွင် အနောက်တစ်လွှားကိုစစ်ချီခဲ့ရာ၌ [[စစ်တကောင်း]]ကို တည်ခဲ့သည်။ ၇၆၉ ခုနှစ်တွင် လက်အောက်ခံ ပဥ္စလရာဇ် သင်းတွဲပြည်သို့ ရေကြောင်းချီရာ အပြန်တွင် ဖေါင်တော်ပျက်၍ ကံကုန်လေသည်။ (အချို့က တောတောင်အနှံ့ သွားလာနေရင်း ရေနစ်၍ ကံကုန်လေသည် ဟူ၏)။ အတူလိုက်ပါသွားသူ အမတ်ကြီးဓမ္မဇေယျအား မိဖုရားကြီးစန္ဒာဒေဝီက အမျက်ရှိသဖြင့် တိုင်းပြည်မှ နှင်ထုတ်ခဲ့လေသည်။ |
Latest revision as of 11:55, 14 October 2019

ဝေသာလီ စိုင်းဒြားမင်းကိုးဆက်၏ နောက်ဆုံးမင်း ဖြစ်သည်။ အေဒီရှစ်ရာစုတွင် နန်းတက်သည်။ အရှေ့ပြည်က အမတ်နှစ်ယောက်၏ အစီအမံကြောင့် ခမည်းတော်သီရိစန္ဒြားနှင့် နောင်တော်မဟာစန္ဒြားတို့ ရုတ်တရက် လွန်သွားကြပြီးနောက် ထီးနန်းရခဲ့သည်။ မကြာခဏ တိုင်းခန်းလှည့်တတ်သည်။ ဤမင်း၌ စစ်လှေပေါင်း ကိုးသောင်းရှိသည်ဆို၏။
နန်းသက်ကိုးနှစ်တွင် အနောက်တစ်လွှားကိုစစ်ချီခဲ့ရာ၌ စစ်တကောင်းကို တည်ခဲ့သည်။ ၇၆၉ ခုနှစ်တွင် လက်အောက်ခံ ပဥ္စလရာဇ် သင်းတွဲပြည်သို့ ရေကြောင်းချီရာ အပြန်တွင် ဖေါင်တော်ပျက်၍ ကံကုန်လေသည်။ (အချို့က တောတောင်အနှံ့ သွားလာနေရင်း ရေနစ်၍ ကံကုန်လေသည် ဟူ၏)။ အတူလိုက်ပါသွားသူ အမတ်ကြီးဓမ္မဇေယျအား မိဖုရားကြီးစန္ဒာဒေဝီက အမျက်ရှိသဖြင့် တိုင်းပြည်မှ နှင်ထုတ်ခဲ့လေသည်။
ထီးနန်းကို အမြတူက ဆက်ခံသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)