မင်းသားကြီးရွှီဗန်း
ဗြိတိသျှတို့ကို အဦးဆုံးတော်လှန်ခဲ့သူ ရခိုင်မျိုးချစ်တစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ရွှီဗန်းဖြစ်သည်။ အဘယမဟာရာဇာ သားတော် ပတင်းစားစံရွှေပေါ်၏ သားတော်ဖြစ်သည်။
၁၇၈၅ ခုနှစ်တွင် မြောက်ဦးမြို့တော် ကျဆုံးစဉ်က ခက်ရာခဲဆစ် လွတ်မြောက်ခဲ့သည်။ ရခိုင်ကို အင်္ဂလိပ်တို့ကသိမ်း၍ နှစ်နှစ်အကြာတွင်ပင် ဒေးဝန်းကြီး၊ မြို့သူကြီးတို့နှင့်အတူ တော်လှန်ခဲ့သည်။ အင်္ဂလိပ်တို့က ထောင်ဒဏ်ချလိုက်ပြီး ဒက္ကာထောင်တွင် လွန်လေသည်။ သူ၏အရိုးပြာကို ပွဲကြည့်တောင်တွင် မြှုပ်နှံခဲ့သည်။
သူ၏မှာတမ်းစာတွင် ‘နောင်လာနောင်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊ ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်နာ၊ တိုင်းဓညာကို၊ တစ်ခါမုချ၊ ငါတို့ရအံ့၊ လုံးလရှေ့သန်၊ လူလျင်ကြံက၊ နိဗ္ဗာန်မချွတ်၊ လက်ဝါးခတ်သည်’ ဟု ပါရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)