Difference between revisions of "ငစွေအက"

From Arakan Wikipedia
Jump to: navigation, search
(Created page with "သီရိသုဓမ္မရာဇာ နန်းကျစေရန် ကိန်းခန်းယတ္တရာအရ ငကုသလက ယိမ်းသဖွယ...")
 
(ငေစြအက)
Line 3: Line 3:
 
ဤအကအတွက် ပလ္လင်လုပ်ရန် ဆုံတစ်လုံး၊ လှေတက်တစ်ခု၊ ယက်သဲ့တစ်ခုတို့မှာ ပါရှိရသည်။ ကပြသူက ပုဆိုးကို ဆင်နှာမောင်းသဖွယ် ဖြစ်အောင်လုပ်ပြီး ဦခေါင်းတွင်စွပ်ကာ သရုပ်ဆောင်ရသည်။  
 
ဤအကအတွက် ပလ္လင်လုပ်ရန် ဆုံတစ်လုံး၊ လှေတက်တစ်ခု၊ ယက်သဲ့တစ်ခုတို့မှာ ပါရှိရသည်။ ကပြသူက ပုဆိုးကို ဆင်နှာမောင်းသဖွယ် ဖြစ်အောင်လုပ်ပြီး ဦခေါင်းတွင်စွပ်ကာ သရုပ်ဆောင်ရသည်။  
 
ငစွေဇာတ်လမ်းသည် မာန်အောင်ကျွန်း သစ်ပုံချောင်းက စသည်။ မူလက ကပြသူသည် ကျိန်းကျွန်းဘူပင်ရွာမှ ဘရဲဖခေါ် ငသောဖြေ ဖြစ်သည်။ ဘုရင်ကြီးသည် ဤငစေကပွဲကို ကြည့်ရှုပြီးနောက် မကြာမီလွန်လေသည်။ ငစေကပွဲလည်း ဟူ၏။
 
ငစွေဇာတ်လမ်းသည် မာန်အောင်ကျွန်း သစ်ပုံချောင်းက စသည်။ မူလက ကပြသူသည် ကျိန်းကျွန်းဘူပင်ရွာမှ ဘရဲဖခေါ် ငသောဖြေ ဖြစ်သည်။ ဘုရင်ကြီးသည် ဤငစေကပွဲကို ကြည့်ရှုပြီးနောက် မကြာမီလွန်လေသည်။ ငစေကပွဲလည်း ဟူ၏။
 +
 +
== ကိုးကား ==
 +
၁။ ရခိုင်သုတအဘိဓာန်၊ အောင်လှသိန်း

Revision as of 18:57, 3 November 2018

သီရိသုဓမ္မရာဇာ နန်းကျစေရန် ကိန်းခန်းယတ္တရာအရ ငကုသလက ယိမ်းသဖွယ် တီထွင်ခဲ့သောအက ဖြစ်သည်။ ဗြိတိသျှခေတ်တွင် တစ်ဦးတည်း ဟောပြောကပြသည့်အက ဖြစ်သွားသည်။ ကျေးလက်စရိုက်ကို အခြေခံခြင်း၊ ဟာသနှောခြင်း၊ ဗဟုသုတနှင့် အတိတ်တဘောင်တို့ကို ထည့်သွင်း ခြင်းတို့ကြောင့် ထင်ရှားလူကြိုက် များလာသည်။ ရယ်ဖွယ်ရာ အမျိုးမျိုး၊ သဲထိတ်ရင်ဖို ရာအစုံဖြင့် ဇာတ်လမ်း ဇာတ်ကွက် ဖွဲ့နွဲ့၍ သာခြင်းသံ တညံညံဖြင့် သီဆိုကပြသည်။ ဤအကအတွက် ပလ္လင်လုပ်ရန် ဆုံတစ်လုံး၊ လှေတက်တစ်ခု၊ ယက်သဲ့တစ်ခုတို့မှာ ပါရှိရသည်။ ကပြသူက ပုဆိုးကို ဆင်နှာမောင်းသဖွယ် ဖြစ်အောင်လုပ်ပြီး ဦခေါင်းတွင်စွပ်ကာ သရုပ်ဆောင်ရသည်။ ငစွေဇာတ်လမ်းသည် မာန်အောင်ကျွန်း သစ်ပုံချောင်းက စသည်။ မူလက ကပြသူသည် ကျိန်းကျွန်းဘူပင်ရွာမှ ဘရဲဖခေါ် ငသောဖြေ ဖြစ်သည်။ ဘုရင်ကြီးသည် ဤငစေကပွဲကို ကြည့်ရှုပြီးနောက် မကြာမီလွန်လေသည်။ ငစေကပွဲလည်း ဟူ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန်၊ အောင်လှသိန်း