Difference between revisions of "ဝင်းကိုခိုင်"
(→တစ်ကိုယ်တော်ခွေများ) |
|||
Line 22: | Line 22: | ||
[[သင်းကွဲကြယ်]] ([[လင်းအိမ်]]အမည်ဖြင့်) | [[သင်းကွဲကြယ်]] ([[လင်းအိမ်]]အမည်ဖြင့်) | ||
− | [[ | + | [[အိမ်လွမ်းစိတ်နန့်ငါ့ပင်လယ်]] |
[[နှောင်းဝတ္ထု]] | [[နှောင်းဝတ္ထု]] |
Revision as of 20:21, 23 October 2024
ယခုဆောင်းပါးပါ အချက်အလက်များကို စိစစ်အတည်ပြုရန် လိုအပ်ဆဲဖြစ်ပါသည်။
တေးသံရှင် ဝင်းကိုခိုင်ကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဝင်းကိုဖြစ်သည်။ အဖဦးသန်းရွှေနှင့် အမိ ဒေါ်သောင်းခင်တို့က မွေးဖွားခဲ့သည့် မောင်နှမနှစ်ဦးအနက် သားကြီးဖြစ်သည်။
ငယ်ရွယ်စဉ်တည်းက ရခိုင်ရိုးရာ ပုလွေနှင့် မယ်ဒလင်တို့ကို သင်ယူတီးမှုတ်ခဲ့သည်။
စစ်တွေဒီဂရီကောလိပ်၌ ပညာသင်ကြားနေစဉ် ၁၉၈၆ ခုနှစ်တွင် သီချင်းများ စတင်ရေးသားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၉၁ ခုနှစ်တွင် ကဗျာများ ဆက်လက်ရေးသားနေခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "သင်းကွဲကြယ်' ကို လင်းအိမ်အမည်ဖြင့် ဖြန့်ချိခဲ့သည်။
အစောပိုင်းတွင် Rock ပုံစံ ရေးသားသီဆိုမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် Soft Rock ၊ Pop နှင့် အမျိုးသားရေးသီချင်း ပုံစံများကို အဆိုများသည်။
၂၀၀၆ ခုနှစ်တွင် ထွက်ရှိသည့် တစ်မြေထဲမှာ သီချင်းခွေ၌ ဗမာဘာသာစကားဖြင့် ပါဝင်သီဆိုထားသည့် မဟာနွယ်သီချင်းသည် အထူးလူကြိုက်များ ကျော်ကြားခဲ့ပြီး အဆိုပါသီချင်းဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသိများလာခဲ့သည်။
တစ်ကိုယ်တော်ခွေများ
သင်းကွဲကြယ် (လင်းအိမ်အမည်ဖြင့်)
လွမ်းရကိုယ့်အိမ် (လက်ရွေးစင်သီချင်းများ New Version)
အုပ်စုခွေများ
နွီမှာတမ်း (၁)
နွီမှာတမ်း (၂)