Difference between revisions of "ဝင်းကိုခိုင်"
(→စန်းအထဆုံး ကာလများ) |
|||
Line 21: | Line 21: | ||
== စန်းအထဆုံး ကာလများ == | == စန်းအထဆုံး ကာလများ == | ||
− | ၁၉၉၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် [[ကမ္ပည်းထုဆစ်ခြင်း]]ခွေတွင် သီဆိုထားသည့် နောက်ဆုံးအချစ်၊ အချစ်ရာပါစီ၊ အသဲကြွီမိုး၊ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တွင် ထွက်ရှိခဲ့သည့် [[တော်ဝင်သဇင်]]ခွေတွင် သီဆိုထားသည့် အား၊ အဖြူရောင်ပန်းချေ စသည့်သီချင်းများဖြင့် ဝင်းကိုခိုင်ကို လူသိများ ထင်ရှားလာခဲ့သည်။ | + | ၁၉၉၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် [[ကမ္ပည်းထုဆစ်ခြင်း]]ခွေတွင် သီဆိုထားသည့် နောက်ဆုံးအချစ်၊ အချစ်ရာပါစီ၊ အသဲကြွီမိုး၊ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တွင် ထွက်ရှိခဲ့သည့် [[တော်ဝင်သဇင်]]ခွေတွင် သီဆိုထားသည့် လွမ်းရကိုယ့်အိမ်၊ အား၊ အဖြူရောင်ပန်းချေ စသည့်သီချင်းများဖြင့် ဝင်းကိုခိုင်ကို လူသိများ ထင်ရှားလာခဲ့သည်။ |
+ | |||
+ | ရက္ခိတရို့ရင်ခုန်ညခွေတွင် သီဆိုထားသည့် လမ်းပြငှက် (ဆိုက်ဘေးရီးယား) နှင့် ရီခမ်းငါး၊ တစ်မြေထဲမှာ ခွေတွင် သီဆိုထားသည့် မဟာနွယ်သီချင်းများသည် ဝင်းကိုခိုင်ကို စန်းအထဆုံး ဖြစ်စေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထွက်ရှိသည့် တစ်မြေထဲမှာ သီချင်းခွေ၌ ဗမာဘာသာစကားဖြင့် ပါဝင်သီဆိုထားသည့် [[မဟာနွယ်]]သီချင်းသည် အထူးလူကြိုက်များ ကျော်ကြားခဲ့ပြီး အဆိုပါသီချင်းဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသိများလာခဲ့သည်။ | ||
− | |||
− | |||
== ဂီတပုံစံ == | == ဂီတပုံစံ == | ||
Revision as of 22:16, 23 October 2024
ယခုဆောင်းပါးပါ အချက်အလက်များကို စိစစ်အတည်ပြုရန် လိုအပ်ဆဲဖြစ်ပါသည်။
Contents
အစောပိုင်းနှစ်များ
တေးသံရှင် ဝင်းကိုခိုင်ကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဝင်းကိုဖြစ်သည်။ အဖဦးသန်းရွှေနှင့် အမိ ဒေါ်သောင်းခင်တို့က မွေးဖွားခဲ့သည့် မောင်နှမနှစ်ဦးအနက် သားကြီးဖြစ်သည်။
ငယ်ရွယ်စဉ်တည်းက ရခိုင်ရိုးရာ ပုလွေနှင့် မယ်ဒလင်တို့ကို သင်ယူတီးမှုတ်ခဲ့သည်။
စစ်တွေဒီဂရီကောလိပ်၌ ပညာသင်ကြားနေစဉ် ၁၉၈၆ ခုနှစ်တွင် သီချင်းများ စတင်ရေးသားခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနေစဉ် ၁၉၉၁ ခုနှစ်တွင် ကဗျာများ ဆက်လက်ရေးသားနေခဲ့သည်။
၁၉၉၅ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် "သင်းကွဲကြယ်' ကို လင်းအိမ်အမည်ဖြင့် ဖြန့်ချိခဲ့သည်။
တစ်ကိုယ်တော်ခွေများထက် အုပ်စုခွေများတွင် သီဆိုခဲ့သော သီချင်းများကြောင့် အဓိကလူသိများသည်။ အစောပိုင်း ထွက်ရှိခဲ့သည့် တစ်ကိုယ်တော်ခွေများသည်လည်း ထင်သလောက် မပေါက်ခဲ့ပေ။
စန်းအထဆုံး ကာလများ
၁၉၉၈ ခုနှစ်တွင် ထွက်ရှိခဲ့သည့် ကမ္ပည်းထုဆစ်ခြင်းခွေတွင် သီဆိုထားသည့် နောက်ဆုံးအချစ်၊ အချစ်ရာပါစီ၊ အသဲကြွီမိုး၊ သက္ကရာဇ် ၂၀၀၀ ဝန်းကျင်တွင် ထွက်ရှိခဲ့သည့် တော်ဝင်သဇင်ခွေတွင် သီဆိုထားသည့် လွမ်းရကိုယ့်အိမ်၊ အား၊ အဖြူရောင်ပန်းချေ စသည့်သီချင်းများဖြင့် ဝင်းကိုခိုင်ကို လူသိများ ထင်ရှားလာခဲ့သည်။
ရက္ခိတရို့ရင်ခုန်ညခွေတွင် သီဆိုထားသည့် လမ်းပြငှက် (ဆိုက်ဘေးရီးယား) နှင့် ရီခမ်းငါး၊ တစ်မြေထဲမှာ ခွေတွင် သီဆိုထားသည့် မဟာနွယ်သီချင်းများသည် ဝင်းကိုခိုင်ကို စန်းအထဆုံး ဖြစ်စေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် ထွက်ရှိသည့် တစ်မြေထဲမှာ သီချင်းခွေ၌ ဗမာဘာသာစကားဖြင့် ပါဝင်သီဆိုထားသည့် မဟာနွယ်သီချင်းသည် အထူးလူကြိုက်များ ကျော်ကြားခဲ့ပြီး အဆိုပါသီချင်းဖြင့် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူသိများလာခဲ့သည်။
ဂီတပုံစံ
ဝင်းကိုခိုင်၏ သီချင်းများသည် Blues ၊ Jazz ၊ Country ၊ Rock ၊ Folk အစရှိသဖြင့် ပုံစံစုံသည်။ အစောပိုင်းတွင် Heavy Rock နှင့် Rock ဟန်ကဲသည့် ရေးသားသီဆိုမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် Soft Rock ၊ Pop နှင့် အမျိုးသားရေးသီချင်း ပုံစံများကို အဆိုများသည်။
တစ်ကိုယ်တော်ခွေများ
သင်းကွဲကြယ် (၁၉၉၆) (လင်းအိမ်အမည်ဖြင့်)
လွမ်းရကိုယ့်အိမ် (လက်ရွေးစင်သီချင်းများ New Version)
အုပ်စုခွေများ
ကမ္ပည်းထုဆစ်ခြင်း (၁၉၉၈)
နွီမှာတမ်း (၁)
နွီမှာတမ်း (၂)
တစ်မြေထဲမှာ (၂၀၀၆)
ကြယ်စုံညဉ့် (၂၀၀၈)
ကိုးကား
၁။ Win Ko Khine Biography in Myanmar Music Festival Website
၂။ ရခိုင်သီချင်းပေါင်းချုပ်စာအုပ်
၃။ အခြား မှတ်တမ်းမှတ်ရာများ