Difference between revisions of "ကတညုတကုန်း"

From Arakan Wikipedia
Jump to: navigation, search
(ကတညဳတကုန္း)
Line 5: Line 5:
  
 
== ကိုးကား ==
 
== ကိုးကား ==
၁။ ရခိုင်သုတအဘိဓာန်၊ အောင်လှသိန်း
+
၁။ [[ရခိုင်သုတအဘိဓာန်]]၊ [[အောင်လှသိန်း]]

Revision as of 00:18, 4 November 2018

မဟာမုနိကုန်းတော်အား ခေါ်သော အမည်တစ်ခု ဖြစ်သည်။ စန္ဒသူရိယမင်းကြီးသည် ဤကုန်းတော်ပေါ်၌ မဟာမုနိဆင်းတုတော်ကို သွန်းလုပ်ပူဇော်ထားခဲ့သည်ဟူ၏။ ဒသရာဇာမင်းကြီးက ပျောက်ကွယ် သွားသော မဟာမုနိ ဆင်းတုတော်ကို ဝက်သထိုးတောင်မှ ပြန်လည်ပင့်ယူပြီး ဤကုန်းပေါ်၌ ပြန်လည်တည်ထား ကိုးကွယ်ခဲ့သည်။ ဓညဝတီမြို့၏ မြောက်ဘက်အနီး လျောက်ပတ်သောကုန်းဟူ၏။ ယခု ဓညဝတီမြို့တော်ဟောင်း၏ အလယ်တွင် ရှိသည်။ ကတညုတတောင်မြေသည် ရှေးရခိုင်မင်းတို့ ဘိသိက်သွန်းရာ၌ ပါရသည့် မင်္ဂလာမြေခုနစ်မျိုး(ယင်း-ရှု)ဝင် ဖြစ်သည်။ အက္ကတညု-ရှု။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန်အောင်လှသိန်း