Difference between revisions of "ရခိုင်-မဂိုစစ်ပွဲ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "မြောက်ဦးခေတ် ၁ရရာစုတွင် ရခိုင်နှင့် မဂို(မောင်းကွတ်) တို့၏ ဘင်္...")
(No difference)

Revision as of 13:00, 5 November 2018

မြောက်ဦးခေတ် ၁ရရာစုတွင် ရခိုင်နှင့် မဂို(မောင်းကွတ်) တို့၏ ဘင်္ဂလားဒေသတွင် စစ်ရေးအားပြိုင်မှု ဖြစ်သည်။ မဂိုတို့သည် ၁၆၂၁ခုနှစ်တွင် ဘင်္ဂလားကို သိမ်းယူခဲ့သည်။ စစ်တကောင်းကို သိမ်းယူရန် ချီလာသည့်အခါ ရခိုင်တို့က ခြေမှုန်းနိုင်ခဲ့သည်။ အောင်နိုင်သူ ရခိုင်ဘုရင်မင်းခမောင်းကို ဘင်္ဂလားသမိုင်းသုတေသီတို့က ရဲစွမ်းသတ္တိ အရှိဆုံးမင်း၊ တိုက်ရည်ခိုက်ရည် အကောင်းဆုံးမင်းဟု ချီးကျူးကြသည်။ ၎င်းလွန်ပြီးနောက် နှစ်ဦးနှစ်ဖက်က သူ့နယ်မြေကို လိုချင်ခဲ့ကြသည်။ ရခိုင်ပိုင် စစ်တကောင်းရှိ ပေါတူဂီတို့သည် အရှေ့ဘင်္ဂလားတွင် စိတ်ကြိုက် ထကြွနေခဲ့ကြသည်။ မူရှိဒါဘတ်အထိ နယ်ကျော်၍ ကျွန်ဖမ်းခြင်း၊ လုယက်ခြင်းများကြောင့် မဂိုတို့သည် အနောက်ဘင်္ဂလား လုံခြုံရေးအတွက် အရေးကြီးလာသလို စစ်တကောင်းကိုလည်းလိုချင်ခဲ့သည်။ ၁၆၆၆ ခုတွင် မဂိုတို့သည် စစ်တကောင်းကို ၃၆နာရီကြာ ပိတ်ဆို့တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ကြသည်။ စစ်တကောင်းမြို့-ရှု။