Difference between revisions of "စံသာအောင်(ဦး)"

From Arakan Wikipedia
Jump to: navigation, search
(ဦးစံသာအောင်)
 
(No difference)

Latest revision as of 23:35, 15 November 2018

alt text

စစ်တွေမြို့ ဇာတိဖြစ်သည်။ ၁၉၂၅ တွင်မွေးဖွားသည်။ ၁၉၅၄ ခုနှစ်တွင် အမေရိကပြည် ဟားဗတ်တက္ကသိုလ်မှ မဟာသိပ္ပံသင်တန်းကို ရူပဗေဒဘာသာဖြင့် အောင်မြင်ခဲ့သည်။

ရူပဗေဒပါမောက္ခအဖြစ် မြန်မာနိုင်ငံ ပညာရေးလောကတွင် ထင်ရှားခဲ့သည်။ ၁၉၇၂ ခုနှစ်မှစ၍ အထက်တန်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ကွယ်လွန်သည်အထိ အမှုထမ်းခဲ့သည်။

၁၉၇၂ ခုနှစ်မှစ၍ ရခိုင်သုတေသနစာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီက ရခိုင်ပြည်သုံး အက္ခရာ (၁၉၇၄)၊ အာနန္ဒစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီမင်း (၁၉၇၅)၊ ရခိုင်ဒင်္ဂါးများ (၁၉၇၉)နှင့် The Buddhist Art of Ancient Arakan (၁၉၇၉) တို့ကို ပြုစုထုတ်ဝေခဲ့သည်။

၁၉၈၀ တွင်ကွယ်လွန်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)