Difference between revisions of "စိုင်းဒြားမင်းကိုးဆက်"

From Arakan Wikipedia
Jump to: navigation, search
(No difference)

Revision as of 23:38, 15 November 2018

alt text

ရခိုင်ရှိ ဝေသာလီမြို့တော်(ယင်း-ရှု)ကို လျှမ်းလျှမ်းတောက် ထွန်းကားအောင် စွမ်းဆောင် ပေးနိုင်ခဲ့သော စန္ဒြားဘွဲ့ခံ မင်းကိုးဆက်ကို ရခိုင်စကားအရ ခေါ်ခြင်းဖြစ်သည်။

မြို့တည်မင်း တိုင်းစန္ဒြာ(စိုင်းဒြား)ကအစ၊ သူရိယ၊ မောလ၊ ပေါလ၊ ကာလ၊ ထူလ၊ သီရိ၊ သိင်္ဂနှင့် စူဠစန္ဒြားတို့ကိုးဆက် ဖြစ်ကြသည်။ ဤမင်းဆက်တို့တွင် ရတနာမိုးရွာသွန်းဖြိုးသည်အထိ စည်ပင်ဝပြောခဲ့ကြောင်း ဆို၏။

သားစဉ်မြေးမပျက် စဉ်ဆက်ဖြစ်ကြပြီး စုစုပေါင်း နန်းသက်ကာလကို အချို့က ၁၅၀ နှစ်၊ အချို့က ၂၅၀ နှစ်ဟု ယူဆကြသည်။ နန်းဆက်ရှည် ယူဆကြသူများက အေဒီ ၃၂၇ တွင် ပထမဆုံးစန္ဒြားက နန်းရကြောင်း ပြဆိုကြပြီး၊ နန်းသက်တို ယူဆကြသူများက အေဒီ ၉၅၇ ခုမှ ဝေသာလီစတင်သည် ဟူ၏။ ရုပ်ကြွင်း အထောက်အထားများအရ ဝေသာလီမှာ အေဒီ ၄ ရာစုတွင် စတင်သည်ဟူ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)