Difference between revisions of "နတ်မြစ်"

From Arakan Wikipedia
Jump to: navigation, search
(နတ်မြစ်)
 
(No difference)

Latest revision as of 17:59, 5 August 2019

Sample Image

ရခိုင်ပြည်နယ်၏ အနောက်ဘက် ဘင်္ဂလားဒေ့ခ်ျနိုင်ငံနှင့် နယ်စပ်မျဉ်းဖြစ်သည်။ ဘင်္ဂလားနယ်ထဲတွင် မြစ်ဖျားခံသည်။ ရေဖမ်းနယ်ကောင်းစွာ မရှိချေ။ မြစ်ဝမှ ၂၄ မိုင် အကွာ လက်ယာကမ်းတွင် မြို့သစ်ချောင်းက စီးဝင်သည်။ ရခိုင်ကမ်းတွင် ဒီရေချောင်းမြောင်းပေါများသည်။

ဤမြစ်သည် မိုင် ၅၀ မျှ ရှည်လျားသည်။ ဒီရေမှာ ၄၅ မိုင်အထိ ရောက်ရှိသည်။ ဒီရေလွှမ်းမိုးမှု များပြားသဖြင့် စိုက်ပျိုးမှုမဖြစ်ထွန်း၍ ငတ်မြစ်ဟုလည်း တွင်ခဲ့သည်။ နတ်မြစ်ဟုတွင်ခြင်းမှာ မြစ်အနောက်ဘက် ကယုချောင်းတွင် ရခိုင်ရိုးရာကိုးကွယ်မှုဝင် နတ်တောင်ကိုအစွဲပြု၍ ဖြစ်၏။ ယခုအခါ ရေငန်ပုစွန် မွေးမြူခြင်းဖြင့် ပို၍ထင်ရှားလာသည်။ စီးပွားဖြစ် ပုစွန်မွေးမြူခြင်းကို ရခိုင်ဒေသတွင် ဤအရပ်မှ စတင်ခဲ့လေသည်။ မြစ်ဝတွင် ရှင်မဖြူကျွန်း ရှိသည်။

နတ်မြစ်အရှေ့ကမ်းအရပ်သည် မောင်တောမြို့နယ် ဖြစ်၏။ နတ်မြစ်ဝအရှေ့ကမ်းတွင် မောင်တောမြို့တည်ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)