Difference between revisions of "ကဆုန်လ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "ရခိုင်တစ်ဆယ့်နှစ်ရာသီ စက်ဝန်းတွင် ဒုတိယမြောက်လ ဖြစ်သည်။ နှစ်ဟ...")
(No difference)

Revision as of 21:15, 12 September 2018

ရခိုင်တစ်ဆယ့်နှစ်ရာသီ စက်ဝန်းတွင် ဒုတိယမြောက်လ ဖြစ်သည်။ နှစ်ဟောင်းလများကုန်၍ နှစ်ဦးအစလသို့ ပြန်လည်ဆုံရသောကြောင့် လအမည်တွင်သည်ဟူ၏။ မြေမနာ နက္ခတ်မညှိုးသောလဖြစ်၍ မင်္ဂလာရှိသည်ဟူ၏။ ဤလတွင် မဟာမြတ်မုနိကို သွန်းလုပ် ပြီးစီးခဲ့သည်။ ရှေးရခိုင်မင်းတို့သည် ကဆုန်လဆန်း (၁၅)ရက်နေ့တွင် ရာဇဘိသေက မင်္ဂလာ (မုဒ္ဓါဘိသိက်)ကို ကျင်းပလေ့ ရှိခဲ့ကြသည်။ လထပ်နှစ်တို့တွင် ရခိုင်ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် မြန်မာထက် တစ်လနောက်ကျ တတ်သည်။ သို့ရာတွင် ထိုနေ့သည် တခြားသော ဗုဒ္ဓဘာသာဝင်နိုင်ငံတို့ရှိ ဗုဒ္ဓနေ့နှင့် ကိုက်ညီနေတတ်သည်။ ထိမ်းမြားမင်္ဂလာ ပြုကောင်းသောလ ဖြစ်သည်။