Difference between revisions of "စစ်တွေမီးပြ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "File:Sittwe_View_Point_Park_in_2017_March_26.jpg|300px|thumb|right|စစ်တွေမီးပြတည်ရှိရာ စစ်တွေပွိုင့်အား...")
 
(No difference)

Latest revision as of 01:27, 7 December 2020

စစ်တွေမီးပြတည်ရှိရာ စစ်တွေပွိုင့်အား ၂၀၁၇ ခုနှစ်က တွေ့မြင်ရစဉ်။

စစ်တွေမီးပြသည် စစ်တွေမြို့၏ ပွိုင့်အငူတွင် တည်ရှိသည်။ မူလက စစ်တွေမြို့တည်စတွင် အုတ်အဆောက်အဦဖြင့် တည်ခဲ့သည်။ ၂၅ ပေခန့် မြင့်သည်။ မြန်မာကမ်းရိုးတန်းတွင် ရှေးအကျဆုံးမီးပြတိုက် ဖြစ်သည်။

၁၈၄၄ ခုနှစ်တွင် လေးရှင်းတောင်မီးပြကို တည်ဆောက်သဖြင့် စစ်တွေမီးပြသည် ရပ်တန့်ခဲ့သည်။ တဖန် လေးရှင်းတောင်မီးပြမှာ ရေတိုက်စားမှု အန္တရာယ်ကြောင့် ရပ်သွားပြန်သဖြင့် ၁၉၆၃ ခုမှစ၍ စစ်တွေမီးပြသစ်ကို သံဘောင်မျှော်စင်ဖြင့် တည်ခဲ့သည်။ ယခုမီးပြသည် ပင်လယ်ရေပြင်ထက် ပေ ၉၀ မြင့်သည်။ မိုင်၂၀ အဝေးမှ မြင်နိုင်သည်။

ဆက်စပ်ဖတ်ရှုရန်

လေးရှင်းတောင်မီးပြအွိုက်စတာမီးပြ

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)