Difference between revisions of "အွိုက်စတာမီးပြ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "300px|thumb|right|အွိုက်စတာမီးပြ၊ Copyright: Asian News Network အွိုက်စတာမီးပြသည်စစ...")
 
(No difference)

Latest revision as of 01:39, 7 December 2020

အွိုက်စတာမီးပြ၊ Copyright: Asian News Network

အွိုက်စတာမီးပြသည်စစ်တွေမြို့မှ အနောက်တောင်ဘက် ၁၅ မိုင်အကွာ ပင်လယ်ပြင်ထဲတွင် ရှိသည့် ကျောက်ဆောင်ကျွန်းနှင့် မီးပြတိုက် ဖြစ်သည်။ မီးပြတည်ရှိရာ အွိုက်စတာကျွန်း (အင်္ဂလိပ်လို Oyster Island) ကိုအစွဲပြုပြီး အွိုက်စတာမီးပြဟု အမည်တွင်သည်။ မယူမြစ်ဝတွင် ရှိသဖြင့် မယူမီးပြဟုလည်း တွင်သည်။

အွိုက်စတာမီးပြကို ၁၈၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ အမြင့်ပေ ၁၄၅ ပေ ရှိပြီး မြင်နိုင်အားမှာ မိုင်၂၀ ဖြစ်သည်။ ဤကျွန်းတွင် ပင်လယ်လိပ်ထိန်းသိမ်းရေးစခန်း ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

စစ်တွေမီးပြလေးရှင်းတောင်မီးပြ

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)