Difference between revisions of "စပါးဈေး"

From Arakan Wikipedia
Jump to: navigation, search
(Created page with "၁၆၈၇ ခုတွင် တိုင်းပြည်တွင် ဝက်သက်ရောဂါပေါက်၍ လူတို့သည် သေကုန်...")
(No difference)

Revision as of 21:42, 19 December 2020

၁၆၈၇ ခုတွင် တိုင်းပြည်တွင် ဝက်သက်ရောဂါပေါက်၍ လူတို့သည် သေကုန်သဖြင့် စပါးအတောင်း တစ်ရာကို ငွေဒင်္ဂါးသုံးဆယ် ပေးရလေသည်။ (ကိုယ်ရံတော်တို့၏လစာမှာ လေးဒင်္ဂါးသာ ဖြစ်၏) ၁၇၈၆ ခုနှစ် ဝါဆို၊ ဝါခေါင်၊ တော်သလင်းလတိုင်အောင် ကျားရဲ၏၊ ထမင်းငတ်၏၊ စပါးအတောင်း တစ်ရာကို ဒင်္ဂါးသုံးဆယ် ပေးရ၏၊ လူသူများစွာ သေပျောက်ကုန်၏။

အင်္ဂလိပ်ခေတ်တွင် စပါးဈေးသည် ရွှေဈေးနှင့်အတူ ရှိခဲ့သည်။ စပါးတင်းတစ်ရာလျင် မူလငါးကျပ်မှ စစ် ကြီးဖြစ်စအထိတွင် ငါးဆယ်ကျပ်အထိ ရှိခဲ့သည်။ ၁၉၄၈ခုတွင် သာမန် စပါးသည် ၂၈၅ိ မျှ ရှိခဲ့သည်။ ၁၉၆၂ခုတွင် ၃ဝဝိ၊ ၁၉၇၂တွင် ၄၂၅ိ၊ ၁၉၇၃တွင် ၆ဝဝိ၊ ထိုကမှ ၉ဝဝိ (၁၉၇၄)၊ ၁ရဝဝိ (၁၉၈၈)၊ ၂၅ဝဝိ (၁၉၈၉)၊ ၄ရဝဝိ (၁၉၉၀)၊ ရဝဝဝိ (၁၉၉၂)၊ ၈ဝဝဝိ (၁၉၉၅) စသည် ဖြင့် အသီးသီး ဖြစ်လာခဲ့သည်။ ၁၉၆ရမှ ၂၀၀၃ခုနှစ်အထိ အစိုးရ ဈေးနှုန်းထက် ပြင်ပ ပေါက်ဈေးက ကြီးမြင့်ခဲ့သည်။ ၂၀၀၃ ခုမှစ၍ စပါးဈေးမှာ ပေါက်ဈေးအတိုင်း ဖြစ်လာသည်။