Difference between revisions of "စေတီပြင်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "မယူမြစ်အလယ်ပိုင်း အနောက်ဘက်ကမ်းတွင် ထင်ရှားသည့် ရပ်ကြီးရွာကြ...")
(No difference)

Revision as of 23:20, 19 December 2020

မယူမြစ်အလယ်ပိုင်း အနောက်ဘက်ကမ်းတွင် ထင်ရှားသည့် ရပ်ကြီးရွာကြီး ဖြစ်သည်။ စေတီပြင်ချောင်း၏ လက်ဝဲကမ်းတွင်ရှိ၏။ ရှေးဟောင်းစေတီများ ရှိခဲ့၍ အမည်တွင်သည်။

မယူတောင်တန်း၏ ကျော်လမ်းတစ်ခုရှိ၍ စည်ကားသည်။ အထက်တန်းကျောင်း၊ တိုက်နယ်ကျန်းမာရေးဌာနနှင့် ရဲစခန်းရှိသည်။ တောင်ဘက်အနီး၌ နန်းရာ ရှိသည်။ ရသေ့တောင်မြို့မှ အဖြောင့်ငါးမိုင် ဝေးသည်။ ၁၉၆ဝခုနှစ် ပြည့်လွန် နှစ်များက လက်ထောက်မြို့ပိုင် ရုံးစိုက်ခဲ့သည်။ စေတီပြင်အနီး ချွတ်ပြင်မှ ဆင်ဖြူများ ရရှိခဲ့သည်။