Difference between revisions of "စင်္ကြာမုနိ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "၂၀၀၀-ပြည့်နှစ်တွင် မြောက်ဦးမြို့ ရှိ ချောင်းတစ်ချောင်းမှ ရရှ...")
(No difference)

Revision as of 00:00, 20 December 2020

၂၀၀၀-ပြည့်နှစ်တွင် မြောက်ဦးမြို့ ရှိ ချောင်းတစ်ချောင်းမှ ရရှိခဲ့သည့် မဟာမုနိထိုင်ဟန် သွန်းဆင်း တုတော်ဖြစ်ပြီး ဦးတော်နှင့် ခန္ဓာတော်တို့တွင် ဆင်းတုတော်ငယ်ရုပ်ကြွ စုစုပေါင်း ၁၁၆၂-ဆူ ပါရှိသည်။ ဘယ်ဘက် လက်ဝါးပြင်ပေါ်တွင် အချွန်းရှစ်ခုပါသောစင်္ကြာကို ဒေါင်လိုက် တင်ထားသည်။ ဉာဏ်တော် ၁၈-လက်မခန့် ရှိသည်။ ယခု စစ်တွေမြို့ လောကာနန္ဒာစေတီဝင်းတွင် သီးခြားကိန်းဝပ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)