Difference between revisions of "စစ်တွေမြို့နယ်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "စစ်တွေမြို့ ကို အခြေခံထားသည့် မြို့နယ်ဖြစ်ပြီး ရခိုင်ပြည်နယ...")
 
(No difference)

Latest revision as of 00:16, 20 December 2020

စစ်တွေမြို့ ကို အခြေခံထားသည့် မြို့နယ်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အသေးဆုံးမြို့နယ် ဖြစ်သည်။ ဧရိယာစတုရန်း ၈၉.၄၂ မိုင်သာရှိသည်။ စစ်တွေအနောက်ဘက် ပေ၂ဝခန့် မြင့်သော တောင်ကုန်းငယ်တစ်ခုသာ ကုန်းမြင့်ဖြစ်သည်။ ကျန်အရပ်များမှာ မြေပြန့် မြေနိမ့်များ ဖြစ်ကြသည်။

အရှေ့ဘက်တွင် ပေါက်တောမြို့နယ်၊ အနောက်ဘက်တွင် ရသေ့တောင်မြို့နယ်၊ မြောက်ဘက်တွင် ပုဏ္ဏားကျွန်းမြို့နယ်နှင့် တောင်ဘက်တွင် ဘင်္ဂလားပင်လယ်အော်တို့ ရှိကြသည်။ စစ်တွေ-အမ်းလမ်းသည် ပုဏ္ဏားကျွန်းမြို့နယ်ကို ဖြတ်သွားသည်။ စစ်တွေမြို့နယ်၏ မြောက်ပိုင်းတွင် မင်းကန်ကျွန်း၊ ဝါဘိုကျွန်း၊ ကျားမသောက်ကျွန်း၊ ကြွီတဲကျွန်းနှင့် အမြင့်ကျွန်းတို့ရှိကြပြီး ဝါဘိုကျွန်းတစ်ခုတည်းသို့သာ ကားလမ်းမပေါက်သေးပေ။ မြို့နယ်ဧရိယာ၏ (၃၅)ရာခိုင်နှုန်းကို ဆန်စပါး စိုက်ပျိုးသည်။ သစ်တောဧရိယာမရှိချေ။ မြို့နယ်လူဦး ရေ ၂.၃၃ သိန်းကျော် ရှိသည်။ ကျေးရွာအုပ်စု ၂၇-စု နှင့် ကျေးရွာငယ် ၈၇-ရွာ ရှိသည်။ အဓိက ထွက်ကုန်များမှာ ဆန်စပါး၊ ငါးနှင့် ရခိုင်လုံချည်တို့ ဖြစ်ကြသည်။ ပုစွန်ကန် ၄၂၆-ကန်နှင့် မွေးမြူ ဧရိယာ ၄၈၉၀-ဧက ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)