Difference between revisions of "စုန်းပလေ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "ရခိုင်အခေါ် အိမ်စောင့်နတ်မ ဖြစ်သည်။ အိမ်ဆောက်လျင် ဤနတ်အားထားမ...")
 
(No difference)

Latest revision as of 00:40, 20 December 2020

ရခိုင်အခေါ် အိမ်စောင့်နတ်မ ဖြစ်သည်။ အိမ်ဆောက်လျင် ဤနတ်အားထားမည့် (စုန်းပလေ) တိုင်ကို စတင်ထူရသည်။ ဤတိုင်တွင် အုန်းလက်၊ အုန်းသီး၊ ဇီးခက်၊ လေးကိုင်း ချိတ်ဆွဲပေးရသည်။ ကုန်းလျား၊ ကုန်းဖီများထည့်ပြီးလျှင် ဤတိုင်နှင့်တွဲ၍အလယ်ဆီးထရံကိုဦးစွာကာရသည်။ ထိုသို့ ကာစဉ် ခြည်ခက်ထားသော ရေစင်အိုး တစ်လုံးတွင် သပြေရွက်စိုက်ထူ၊ တက်တစ်ချောင်း ထောင်ကာ နံ့သာရေ ပက်ဖြန်းခြင်းစသည်များကို ပြုရသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)