Difference between revisions of "စိုင်တိခတ်ဓလိ"

From Arakan Wikipedia
Jump to: navigation, search
(Created page with "မလုပ်ကောင်းသည်ကို ပြုလုပ်မိသောအခါ ဘေးမသင့်ရအောင် နိမိတ်ပြန် ပ...")
 
(No difference)

Latest revision as of 22:43, 25 December 2020

မလုပ်ကောင်းသည်ကို ပြုလုပ်မိသောအခါ ဘေးမသင့်ရအောင် နိမိတ်ပြန် ပြောင်း (ဝါ) ယတြာပြန်သဘော လုပ်ခြင်းကို ရခိုင်လို ခေါ်ခြင်းဖြစ်သည်။ မစိုက်ကောင်းသည်ကို စိုက်သည့်အခါ “နင်က (အပင်အမည်)၊ ငါကဘုရင်” ဟုဆိုကာ ခြေဖြင့်ကျော်လွှား၍ စိုက်ပျိုးရသည်။ တောက်တဲ့၊ အိမ် မြှောင်မြည်သော် ကြားသူက “ထို့ထို့” ဟု ဆိုရသည်။ သို့မဟုတ် လက်ညှိုးဖြင့်ခေါက်၍ “ဒေါက်၊ ဒေါက်” မြည်အောင် ပြုရသည်။ ရောဂါ၊ အနာမကူးစက်ရအောင် စိုင်တိခတ်ရသည့် ဓလေ့များလည်း ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)