Difference between revisions of "ဗိုလ်မင်းထောင်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "အနောက်ပြည်အဝင်တွင် တည်ထောင်ထားခဲ့သော အရပ်တစ်ခု ဖြစ်သည်။ တော...")
 
(No difference)

Latest revision as of 22:56, 29 September 2022

အနောက်ပြည်အဝင်တွင် တည်ထောင်ထားခဲ့သော အရပ်တစ်ခု ဖြစ်သည်။ တောတောင်အရပ်ဖြစ်ပြီး မောရဝတီနှင့် ဆက်စပ်နေသည်။ ရှေးယခင်က ရခိုင်မှူးမတ်များက ဗိုလ်မင်းပြုအုပ်ချုပ်ခဲ့သည်။

မင်းရာဇာကြီးလက်ထက်က မောင်စောပန်သည် ဗိုလ်မင်း ဖြစ်သည်။ ထိုစဉ်က ရခိုင်သုံးပုံနှစ်ပုံနှင့် ကျန်လူများမှာ မွန်များဖြစ်ကြသည်။ ယခု ဧရိယာစတုရန်း ၁၉၃၅ မိုင်ရှိသည်။

၁၉၆၁ ခုနှစ်တွင် ၁၃၅၁၃၄ ဦးရှိသည်။ ဗိုလ်မင်း၊ မရိုးသား၊ ကောက်ကဒန်းသား၊ ဝယိုင်သား၊ လောင်းကဒူသား၊ ဖရင်းသား၊ ရကြိုင်သား၊ ဒလက်သား၊ သက်ပြည်ကျသား၊ ချောင်းသားစသည်ဖြင့် အစုသားများ နေထိုင်ကြသည်။ ၁၉၅၆ ခုနှစ်ခန့်က ရခိုင်လူဦးရေ ၆၀၀၀၀ ခန့်နှင့် မြိုခမီ၊ လင်းဂေး၊ ဒိုင်းနက်၊ မြုံလူမျိုးများ အိမ်ခြေ ၂၅၀၀ ခန့် ရှိခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)