Difference between revisions of "ဘင်္ဂါဆယ့်နှစ်မြို့"

From Arakan Wikipedia
Jump to: navigation, search
(Created page with "အချို့က ဘင်္ဂလား၊ ဟစ်ဇာလီ၊ ဩရိသ၊ ချန်းဒခန်၊ မစ်ဒနာပူရ၊ ဘာတြဘူ၊...")
 
(No difference)

Latest revision as of 23:12, 29 September 2022

အချို့က ဘင်္ဂလား၊ ဟစ်ဇာလီ၊ ဩရိသ၊ ချန်းဒခန်၊ မစ်ဒနာပူရ၊ ဘာတြဘူ၊ ဘက္ကလာ၊ ခူလေမန်ဘက်၊ ဗျူလွှာ၊ ဒက္ကာ၊ ရာဇာမဟာဟု ဆိုကြသည်။ ရခိုင်ရာဇဝင်၌ ဘက္ကာလာ၊ ဗျူလွှာ၊ ဒက္ကာ သုံးခုအပြင် မောက်သူဇာ၊ စပ္ပယ်၊ သီရိပုတ်၊ သျုနာကင်း၊ ဇော်ဂီတာယာ၊ မြုံ၊ သက်၊ စန္ဒပုတ်ဟူ၍ ပါရှိသည်။ မင်းရာဇာကြီးစာတမ်းတွင် မောက်သူဇာ (မူချီဒဗတ်)၊ ရောင်ဖြူ (ရောင်ပူရ်)၊ ဒါကာ (ဒက္ကာ)၊ ဂန်ဘီလာ (ကုမ္ဘီလာ)၊ သီလက် (သျှီလက်)၊ ပဋိက္ကယား (ကုမ္ဘီလာနှင့် သျှီလက်နယ်အောက်ပိုင်း)၊ ဂင်္ဂါသာရ (ဘင်္ဂလားနယ် ခူလနာ တလျောက်)၊ စစ်တကောင်း၊ ဘာရီဆက် (ဘောရိဆာလ်)၊ တိလင်္ကာ (သောင်းတီး၊ ဟတ္တိယာ၊ ဗက္ကာကျွန်းစုများ)၊ ကံသာ (ကာနာဖူလီ)နှင့် ဂေါ်တော်ပလ္လင်တို့ ဖြစ်ကြသည်။

ဘင်္ဂါဆယ့်နှစ်မြို့သို့ မင်းစောမွန် တိမ်းရှောင်ပြီး ပဆာမင်းက စစ်ကူပေးသဖြင့် ဤမြို့တို့ကို ပေးခဲ့သည်။ မင်းဘာကြီးလက်ထက်မှ အခိုင်အမာ ပြန်ရသည်ဟု ရခိုင်ရာဇဝင်တို့က ဖေါ်ပြသည်။ ဘုံညားကြီး-ရှု။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)