Difference between revisions of "မြုံထောင်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "မြုံ(မ်)တို့နေထိုင်ရာ အရပ်ဖြစ်သည်။ မြုံပြည်ဟုလည်း တွင်သည်။ ရခိ...")
 
(No difference)

Latest revision as of 19:40, 21 October 2022

မြုံ(မ်)တို့နေထိုင်ရာ အရပ်ဖြစ်သည်။ မြုံပြည်ဟုလည်း တွင်သည်။ ရခိုင်သမိုင်းတွင် ဥတ္တရာဇ်ပြည်ဟု ခေါ်သည်။ ၎င်းပြည်တွင် ဧကသရောဟူသော ခြင်္သေ့မြို့ရှိပြီး မြို့ပြကျုံးမြောင်းများရှိသည်။

မြုံ(မ်)ထောင်ကို ဓမ္မဇေယျအမတ်ကြီးက တည်ထောင်သည် ဟူ၏။ ဥတေပုတ်မြုံဟုလည်း သုံးသည်။

မြုံပြည်တွင် မျိုးနွယ်စု(ထောင်) အများအပြား ရှိသည်။ နွာကျာမြုံ၊ တီပရာမြုံ၊ ပေါ်ရံတိပြားမြုံ၊ ကြက်ချီးစားမြုံ၊ ပြင်ထောင်မြုံ စသည်ဖြင့် ရှိကြသည်။

မြုံပြည်သည် ရခိုင်အင်အား ချိနဲ့လာသည့်အခါတိုင်း၌ ပုန်ကန်ထကြွလေ့ ရှိခဲ့သည်။

၁၆၆၆ ခုနှစ်တွင် ရခိုင်တို့က စစ်တကောင်းကို လက်လွှတ်ခံရပြီးနောက် မြုံလူမျိုးတို့နှင့် ရခိုင်တို့၏ဆက်ဆံရေးမှာ များစွာလျော့ပါးသွားလေသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)