Difference between revisions of "ဖလံထောင်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "300px|thumb|right|Sample Image အနောက်ပြည်အဝင် ဖွဲ့စည်းတည်ထောင် ပေးခဲ...")
 
(No difference)

Latest revision as of 20:20, 10 October 2024

Sample Image

အနောက်ပြည်အဝင် ဖွဲ့စည်းတည်ထောင် ပေးခဲ့သည့် အရပ်တစ်ခု ဖြစ်သည်။ သက်ထောင်၏ အနောက်ဘက်အနီးတွင် ရှိသည်။ ၁၉၆၁ ခုနှစ်က လူဦးရေ ၈၆၄၂၂ ဦး ရှိသည်။ ဖလံပြည်တွင် ဖလံကြီးသား၊ ဖလံညေ(ငယ်)သားဟူ၍ ရှိကြသည်။ မြောက်ဦးတွင် နရပတိကြီးနန်းရပြီးနောက် သီရိသုဓမ္မရာဇာ၏ အမျိုးအနွယ်များမှ အသတ်မခံရဘဲ ရှောင်တိမ်းသွားသူများသည် ဖလံထောင်တွင် အခြေချ နေထိုင်သွားကြသည်။ ပလံထောင်ဟုလည်း ခေါ်သေးသည်။


ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)