Difference between revisions of "ယိုးချောင်း"

From Arakan Wikipedia
Jump to: navigation, search
(Created page with "300px|thumb|right|Sample Image ကုလားတန်မြစ်၏ လက်ဝဲဘက် မြစ်ဝမှ ၂၄ မို...")
(No difference)

Revision as of 23:17, 11 October 2024

Sample Image

ကုလားတန်မြစ်၏ လက်ဝဲဘက် မြစ်ဝမှ ၂၄ မိုင်အကွာတွင် စီးဝင်သည့် မြစ်လက်တက်တစ်ခု ဖြစ်သည်။ မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ချောင်းဖျားခံကာ မိုင် ၅၀ မျှ စီးဆင်းသည်။ ချောင်းကြောင်း ခရီးတစ်ဝက်သည် တောတောင်များကို ဖြတ်သန်းသည်။ တန်းတင်ရေတံခွန်မှာ ထင်ရှားသည်။ မြေပြန့်အပိုင်းတွင် ကန်စောက်၊ ယိုးတရုပ်နှင့် အောင်ဆိပ်ရွာတို့မှာ ထင်ရှားသည်။ ကန်စောက်တောင်ဘက် အနီးတွင် ယိုးချောင်းတံတား ရှိသည်။ ၄၂၀ ပေရှည်ပြီး အုတ်မြစ်နှင့် ကိုယ်ထည်မှာ သံကူကွန်ကရစ် ဖြစ်သည်။ အပေါ်ထည်မှာ ဘေလီဘောင် ဖြစ်သည်။ ၁၈-၃-၉၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ စစ်တွေမှ ၄၇ မိုင်၊ ကျောက်တော်မှ ၁၄ မိုင် ဝေးသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)