Difference between revisions of "ဘုရားပေါ်"

From Arakan Wikipedia
Jump to: navigation, search
(Created page with "300px|thumb|right|Sample Image မြောက်ဦးမြို့တွင် ၁၆၀၃ ခုနှစ်...")
 
(No difference)

Latest revision as of 21:39, 17 October 2024

Sample Image


မြောက်ဦးမြို့တွင် ၁၆၀၃ ခုနှစ်၌ ရေအောက်မှ ပေါ်လာသော ဆင်းတုတော်ဖြစ်ပြီး မင်းရာဇာကြီးက ဘုရားပေါ်စေတီအဖြစ် မြို့တော်၏အနောက်ဘက် ချောင်းကမ်းပါးတွင် တည်ထားခဲ့သည်။ ထိုဆင်းတုတော်ကို မင်းရာဇာကြီး၏ မွေးကင်းစ သမီးတော်တစ်ပါး၏ ပုခက်တွင် ကြိုးစချည်ကာ ဆွဲတင်မှ ရရှိခဲ့သည်ဟူ၏။

စေတီတော်ပုံစံမှာ ဂန္ဓကုဋိတိုက်ပေါ်၌ ခရုချွန်ပုံစေတီ ဖြစ်ပြီး၊ ဉာဏ်တော် ၇၇ ပေ မြင့်သည်။ ဆင်းတုတော်မှာ ဉာဏ်တော် ၁၂ ပေခွဲ မြင့်သည်။ ဤဆင်းတုတော်ကို ဝေသာလီမြို့တည်စဉ်က မြို့တော်သို့ ပြောင်းရွှေ့ယူလာစဉ် ရေ၌ ကိန်းဝပ်သွားခဲ့သည်ဟူ၏။ ဘုရားပေါ်ကျောင်းတိုက်ဟူ၍ ရှိခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)