Difference between revisions of "အမ်းမြို့"

From Arakan Wikipedia
Jump to: navigation, search
(Created page with " 300px|thumb|right|Sample Image အမ်းမြစ်ညာဒေသတွင် ပင်လယ်ရေပြင်...")
 
(No difference)

Latest revision as of 22:18, 20 October 2024

Sample Image

အမ်းမြစ်ညာဒေသတွင် ပင်လယ်ရေပြင်မှ အမြင့် ၁၈၀ ပေတွင် ရှိသည်။ အမ်းတောင်ကြားလမ်းကြောင့် ထင်ရှားသည်။ ယခုအမ်းမြို့ကို ၁၈၁၂ ခုတွင် တည်ခဲ့သည်။ ၁၈၃၃ မှ ၁၈၃၇ အထိ အမ်းခရိုင် မြို့တော် ဖြစ်ခဲ့သည်။ သင်္ဘောဆိပ်မှာ ၂၄ မိုင်အကွာ အမ်းမြစ်ဝရှိ တပ်တောင်အရပ် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ မင်းပြားမြောက်ဦးကျောက်တော်ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့များသို့ ကားလမ်း ပေါက်ပြီး ဖြစ်သည်။

အမ်းလေယာဉ်ကွင်းကို ၂၀၀၂ ခုတွင် ဖွင့်လှစ်ခဲ့သည်။ ပြေးလမ်း ၈၅၀၀ ပေနှင့် အကျယ်ပေ ၁၀၀ ရှိသည်။ ယခု အမ်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်သည်။

အမ်းမြို့သည် ရှေးရခိုင်သမိုင်းဝင်မြို့တစ်မြို့ ဖြစ်သည်။ ယခုမြို့ပေါ် လူဦးရေ ၇၂၉၂ ဦး ရှိသည်။ မြို့ဧရိယာ ၁.၇၃ စတုရန်းမိုင်နှင့် ရပ်ကွက် ၄ ကွက် ရှိသည်။ အမ်းမြို့မှ မအီကျောက်ဖြူရမ်းဗြဲတောင်ကုတ်သံတွဲဂွမြို့များသို့ လမ်းပေါက်နေပြီ ဖြစ်၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)