Difference between revisions of "မြို"

From Arakan Wikipedia
Jump to: navigation, search
(Created page with "300px|thumb|right|Sample Image ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝ...")
 
(No difference)

Latest revision as of 23:58, 3 November 2024

Sample Image

ရခိုင်တိုင်းရင်းသား မျိုးနွယ်ဝင် ဖြစ်သည်။ မင်းဖလောင်း လက်ထက်က မြိုတို့၏အရပ်သည် မရိပ်ချောင်းညာ ဝေလာတောင် ဖြစ်သည်။ ယခု ရခိုင်တွင် လူဦးရေတစ်သောင်းမျှ ရှိသည်။ စစ်တကောင်းတောင်တန်း တွင်လည်း နေထိုင်ကြသေးသည်။ ရခိုင်တွင် အနောက်မြောက်ဒေသ၌ နေထိုင်ကြသည်။ ယိုးချောင်းနှင့် တောဖျားချောင်းတို့တွင် တစ်ရွာစီသာရှိသည်။ ၎င်းတို့ကို ၎င်းတို့က မြို့စား(မြိုသား) ဟုခေါ်သည်။ နံတိုပိုင်းကို ဝတ်ဆင်ကြသည်။ သေသူကို မီးသဂြိုဟ် ကြသည်။ ပါးစပ်အပိတ်အဖွင့် အဆုံးသတ်သည်တို့ကို လိုက်၍ အဓိပ္ပါယ် ကွဲသွားသည့် ဝေါဟာရများ ရှိကြသည်။ ကတ္တား၊ ကြိယာ၊ ကံ ဝါကျပုံစံမျိုးကိုသာ ပြောဆိုတတ်ကြသည်။ ခမိလူမျိုးနှင့် မှားလေ့ ရှိကြသည်။