ယောချောင်း

From Arakan Wikipedia
Revision as of 23:23, 11 October 2024 by Ounghlathein (talk | contribs)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

မြေပုံမြို့နယ်ရှိ တောင်စိုင်ကမ်းတွင် အရှည်ဆုံးချောင်း ဖြစ်သည်။ ၂၈၁၉ ပေ မြင့်သော ရေအိုးပုံတောင်မှ ချောင်းဖျားခံပြီး တောင်ဘက်သို့ စီးဆင်းကာ ကျွဲကူးဆိပ်ရွာအနီးတွင် ကျွန်းစိုင်ထဲသို့ စီးဝင်သည်။ စုစုပေါင်း မိုင် ၃၀ မျှ ရှည်သည်။

ယောချောင်းတံတားသည် စစ်တွေ-အမ်း လမ်းတွင် မင်းပြား-အမ်းအပိုင်း၌ အရေးပါပြီး ၁၉၉၉ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ အရှည်ပေမှာ ၁၁၈၀ ရှိသည်။ အပေါ်ထည်မှာ ဘေလီဘောင် ဖြစ်သည်။ အုတ်မြစ်နှင့် အောက်ခြေတို့မှာ သံကူကွန်ကရစ် ဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)