မင်္ဂလာ့မာရ်အောင်စေတီ

From Arakan Wikipedia
Revision as of 20:17, 12 November 2024 by Ounghlathein (talk | contribs)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

ရှေးရခိုင်၌ မာရ်ငါးပါးစေတီ တို့တွင် နောက်ဆုံးတည်ခဲ့သော စေတီဖြစ်သည်။ မြောက်ဦးမြို့ နန်းတော်ကုန်းမှ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ မင်္ဂလာကျုံး အရှေ့ဘက်တွင် ရှိသည်။

ခိုနန်းချိုးပါ ထုချွန်ပုံလုံးပိတ်စေတီဖြစ်ပြီး၊ အောက်ခြေ ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းတော် အနားရစ် အောက်ကြေးဝန်း ပစ္စယာနှစ်ဆင့်တွင် မုခ်ထွက်တံကဲပါ ကျောင်းဆောင်ငယ်များ ပါရှိသည်။ ဉာဏ်တော် ပေ ၈၀ ခန့် ရှိသည်။ ပရိဝုဏ်တစ်ခုလုံးကို သိမ်အဖြစ် သမုတ်ထားရှိ၏။

ကုသိုလ်ရှင် ဥဂ္ဂါဗလသည် ၎င်းကံကုန်မည့် ၁၆၈၅ ခုနှစ်တွင် မင်းနှင့်အမတ် မညီညွတ်ကြသဖြင့် ကုသိုလ်တော်အဖြစ် တည်ထားခဲ့ခြင်း ဖြစ်သည်။

ကိုးကား

ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)