လေးရှင်းတောင်မီးပြ

From Arakan Wikipedia
Revision as of 00:59, 7 December 2020 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Savage Island Postcard လေးရှင်းတောင်မီးပြသည် မြန်မာ့ပင်လ...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Savage Island Postcard

လေးရှင်းတောင်မီးပြသည် မြန်မာ့ပင်လယ်ပြင်၏ အစောဆုံးမီးပြများထဲမှ တစ်ခုဖြစ်ပြီး ၁၈၄၄ ခုနှစ်က စတင်တည်ကာ ၁၉၅၆ ခုနှစ်အထိ အသုံးပြုခဲ့သည်။ အမြင့် ၁၃၈ ပေ ရှိသည်။ ယခင်က မီးပြအလင်းရောင်ကို ၁၄ မိုင်ထိ မြင်နိုင်ခဲ့သည်။ နောက်ပိုင်း ရေတိုက်စားမှု အန္တရာယ်ကြောင့် ရပ်ဆိုင်းပြီး ၎င်းအစား စစ်တွေမီးပြကို ပြန်လည်အသုံးပြုလာသည်။

ဤမီးပြသည် ကုလားတန်မြစ်ဝတွင် စစ်တွေမြို့မှ တောင်ဘက် နှစ်မိုင်အကွာ ကျောက်ထူသောကျွန်းတွင် တည်ရှိသည်။ ဤကျွန်းကို အင်္ဂလိပ်လို Savage Island ဟုခေါ်၏။ ကျွန်းအရှေ့ဘက်တွင် မြေငူကျွန်း ရှိသည်။ ဤမီးပြဟောင်းသည် စစ်တွေအဝင် ရေလမ်းသင်္ကေတအဖြစ် ဆက်လက် တည်ရှိနေဆဲဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် စစ်တွေမီးပြအွိုက်စတာမီးပြ

ကိုးကား

၁။ ရခိုငျသုတအဘိဓာနျ - အောငျလှသိနျး (၂၀၁၅) ၂။ နှစ်ရာကျော်က ဗြိတိသျှလက်ရာ လေးရှင်းတောင် မီးပြတိုက်- BBC News မြန်မာ