ပီချောင်း
Revision as of 23:26, 11 October 2024 by Ounghlathein (talk | contribs)
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ချောင်းဖျားခံ၍ ကျောက်တော်မြို့ မြောက်ဘက်အနီးတွင် ကုလားတန်မြစ်အထဲသို့ အနောက်ဘက်မှ စီးဝင်သော ပထမဦးဆုံး ချောင်းမကြီး ဖြစ်၏။ မိုင် ၅၀ မျှ ရှည်သည်။ ပီ(ပေ)များ ထွက်ရှိ၍ အမည်တွင်သည်။ ပီကိုးမြို့ ရှိခဲ့သည်ဟူ၏။ ရှေးအခါက ပီကျွန်းဟုလည်း ခေါ်ခဲ့သည်။ ချောင်းဖျားတွင် ကျောက်မသာ ကျောက်ဖျာရွာနှင့် ဆိတ်ခွေးမွေးတောင်လမ်းဟူ၍ ရှိခဲ့သည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)