အောင်လှသိန်း
Revision as of 20:56, 14 October 2024 by Kyawtwankhine (talk | contribs)
ရခိုင်လူမျိုး သမိုင်းသုတေသီ တစ်ဦးဖြစ်သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မွေးဖွားသည်။ တိုင်းတပါးတွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့ပြီးနောက် ၁၉၆၅ ခုနှစ်တွင် စစ်တွေမြို့၌ ပြန်လည်အခြေချ နေထိုင်သည်။ အိမ်ထောင်ကျပြီးနောက် သားသုံးယောက် ထွန်းကားခဲ့သည်။
Arakan Wikipedia ရှိ အကြောင်းအရာ အများစုသည် ဦးအောင်လှသိန်း၏ ရခိုင်သုတအဘိဓာန် စာအုပ်မှ ဆောင်းပါးများကို အဓိကကိုးကား ဖော်ပြထားခြင်း ဖြစ်သည်။
ရေးသားထုတ်ဝေခဲ့သော စာအုပ်များ
- ရခိုင်သုတအဘိဓာန် (၁၉၉၇၊ ၂၀၁၅)
- သမုဒ္ဒဂီရိမြို့စစ်တွေ (၂၀၁၆)
- ရခိုင်ပြည်ရှိမြို့များ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းနှင့် အထွေထွေမှတ်သားဖွယ်ရာများ
- ဖလောင်း-ရခိုင်အဘိဓာန် (၂၀၁၈)။ ၂၈၀ စာမျက်နှာ။
- ရခိုင်-ဖလောင်း အဘိဓာန် (၂၀၁၉)။ ၂၅၆ စာမျက်နှာ။
- ရခိုင်သမိုင်းအဘိဓာန်အကျဉ်း (၂၀၁၉)။ ၉၆ စာမျက်နှာ။
- ရခိုင်စာပေ ကောက်သင်းကောက် (၂၀၂၀)။ ၁၉၂ စာမျက်နှာ။