ငဆဒ္ဒန်

From Arakan Wikipedia
Revision as of 21:02, 12 September 2018 by Ounghlathein (talk | contribs) (Created page with "ဓညဝတီခေတ်မတိုင်မီက ဝေသာလီပြည်ကို ဖျက်ဆီးသော ဘီလူးရက္ခိုသ်တို...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ဓညဝတီခေတ်မတိုင်မီက ဝေသာလီပြည်ကို ဖျက်ဆီးသော ဘီလူးရက္ခိုသ်တို့၏ ခေါင်းဆောင်ဖြစ်သည်။ မာရယုနှင့် အားပြိုင်ခဲ့ရာ မာရယုက သိကြားမင်း ပေးဆက်သော အရိန္ဒမာလှံပျံဖြင့် ထိုးသတ်ခဲ့ကြောင်း ရာဇဝင်၌ပါရှိသည်။ ငဆဒ္ဒန်တို့သည် သက်မင်းကြီး၏သမီးကြီး ဣန္ဒမာလာနှင့် ကျေးကျွန်တစ်ဦးတို့၏ သားသမီးများ ဖြစ်ကြပြီး မိဖတို့နှင့်အတူ တောတောင်ထဲတွင် ကြီးပြင်းလာရာမှ နောင်တွင် ဘီလူးတို့ကဲ့သို့ သားစိမ်းငါးစိမ်းစားများ ဖြစ်ခဲ့ကြသည်ဟူ၏။