ငလက်ရုံ

From Arakan Wikipedia
Revision as of 00:13, 23 November 2018 by Ounghlathein (talk | contribs) (ငလက်ရုံး)
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ငလကျရုံး (၁၅၆၁-၁၆၄၃)

မြောက်ဦးခေတ်လယ်တွင် ထင်ရှားသည့်ပညာရှိ သိုက်တတ်အမတ်ကြီးတစ်ဦး ဖြစ်သည်။ ပညာဝံသ(ကျီးညို)၏သား ဖြစ်သည်။

သီရိသုဓမ္မရာဇာလက်ထက်တွင် လေးမြို့စားဖြစ်ခဲ့သည်။ မင်းကြီးကံကုန်မည့်အကြောင်း တြင်းသံကို ဖတ်ကြားလျှောက်တင်ရာ မနာယူသဖြင့် ပညာနည်းသောမင်းထံ ဆည်းကပ်၍ နေချေသော် နောင်အပြစ်ကြီးစွာ ဖြစ်ရာသည်ဟု မှတ်ယူလျက် ရဟန်းပြု၍နေလေသည်။

နရပတိကြီးနန်းရသည့် ၁၆၃၈ ခုတွင် ကံသာရေကြည်ပြည်သို့ ပြေးသော်လည်း မလွတ်ခဲ့ချေ။ နရပတိက ၎င်းအား ပြည်စိုးကြီးနှင့်မင်းတိုင်ပင်အမတ်ပြု၍ ထားခဲ့သည်။

ငလက်ရုံးဟောတမ်း (သိုက်ကျမ်း) ဟူ၍ ရှိသည်။

၎င်းလွန်သည့်အခါ နရပတိကြီးသည် မင်းမျိုးတို့ကို ဖုတ်ကြည်းသင်္ဂြိုဟ်သကဲ့သို့ သင်္ဂြိုဟ်တော် မူခဲ့သည်။

ကိုးကား

ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)