စံရွှေ(ဦး)

From Arakan Wikipedia
Revision as of 00:37, 20 December 2020 by Wikiadmin (talk | contribs) (ဦးစံရွှေ)
Jump to: navigation, search

မြန်မာနိုင်ငံတွင် သက်ကြီးတက္ကသိုလ်ကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ စစ်တွေမြို့ ဇာတိ ရခိုင်အမျိုးသား ဖြစ်သည်။

ရန်ကုန်ကောလိပ်မှ ဘီအေအောင်ပြီး ၁၉၀၁ ခုနှစ်တွင် အင်္ဂလန် ကိန်းဘရိခ်ျတက္ကသိုလ်တွင် ပညာဆည်းပူးခွင့် ရခဲ့သည်။ မြန်မာလူမျိုးများထဲမှ ပထမဆုံး ကိန်းဘရိခ်ျကျောင်းသား ဖြစ်သည်။ ၁၉၀၇-ခုနှစ်တွင် ဝတ်လုံဘွဲ့ကို ရခဲ့သည်။ ကိန်းဘရိခ်ျမှ အမ်အေဘွဲ့ကို ရခဲ့သည်။ အင်္ဂလန်မှ ပြန်လာပြီးနောက် ပညာရေးလောကသို့ ဝင်ခဲ့ သည်။ ပြည်မြို့ အစိုးရကျောင်းအုပ်အဖြစ် ထမ်းခဲ့သည်။ မြန်မာလူမျိုးများထဲမှ ပထမဆုံး အမြဲတမ်းခန့်အပ်ခံရသော ကျောင်းအုပ်ကြီး ဖြစ်သည်။ နောင်တွင်အစိုးရဝန်ထမ်းမှ နှုတ်ထွက်ခဲ့သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)