အေးသာအောင်(ဦး)

From Arakan Wikipedia
Revision as of 14:56, 27 September 2022 by Kyawtwankhine (talk | contribs)
Jump to: navigation, search

ဦးအေးသာအောင်သည် ရခိုင်ပြည်နယ် မြေပုံမြို့နယ်ဇာတိဖြစ်ပြီး ၁၉၄၅ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မွေးဖွားသည်။ ပဉ္စမတန်းထိ (မြေပုံမြို့) အ.ထ.ကကျောင်း၊ ဆဋ္ဌမတန်းမှ High School Final(အောင်)ထိ ဗဟိုစံပြ အထက်တန်းကျောင်း၊ လသာ အမှတ်(၁) ရန်ကုန် တို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၆၉ ခုနှစ်တွင် နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပြီး UNLD ခေါ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများအဖွဲ့ချုပ်တွင် အတွင်းရေးမှူးတာဝန်၊ ၁၉၉၀ တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ၏ အထွေထွေအတွင်းရေးမှူး၊ ၁၉၉၈ ခုနှစ်တွင် CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီတွင် အတွင်းရေးမှူးတာဝန်၊ ၂၀၁၂ ခုနှစ်တွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌအဖြစ်နှင့် ၂၀၁၂ ခုနှစ်တွင် UNA ပြည်ထောင်စု တိုင်းရင်းသားမဟာမိတ်အဖွဲ့တွင် သဘာပတိ၊ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်တာဝန်များကို ထမ်းဆောင်ခဲ့သည်။

၁၉၇၅ တွင် အကျဉ်းကျ။ ၂၀၀၀ ပြည့်နှစ်တွင် ထောင်ဒဏ် ၂၁ နှစ်ကျ။

ရေးသားထုတ်ဝေထားသော စာအုပ်များ

- ရခိုင်အမျိုးသားရေးနှင့် ပြည်ထောင်စုပြဿနာ (၂၀၁၄)

- ပြည်ထောင်စုအရေးနှင့်အတွေးများ (၂၀၁၉)

ကိုးကား

၁။ The Voice သတင်းစာ ၂။ Wikipedia - English ၃။ Wikipedia - Burmese