လေးမြို့မြစ်

From Arakan Wikipedia
Revision as of 21:09, 7 October 2024 by Ounghlathein (talk | contribs) (Created page with "ရခိုင်ပြည်နယ်တွင် ဒုတိယအရေးကြီးဆုံးသောမြစ် ဖြစ်သည်။ ချင်းပြည...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ရခိုင်ပြည်နယ်တွင် ဒုတိယအရေးကြီးဆုံးသောမြစ် ဖြစ်သည်။ ချင်းပြည်နယ်ရှိ ရိုးမတောင် တန်းကြီး၏ ဘာဘူကလန်၊ အထရောတောင်တို့မှ မြစ်ဖျားခံ၍ စီးဆင်းသည်။ စုစုပေါင်း ၁၀၄ မိုင်မျှရှည်လျားပြီး စစ်တွေမြို့အနီး ကုလားတန်မြစ်ဝနှင့် ပေါင်းဆုံကာ ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။

မြေနုမြစ်ဝှမ်းသည် မိုင် ၆၀ မျှရှိသည်။ မြစ်ဝှမ်း၏ မြောက်ဘက်ပိုင်းတွင် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းများ ထွန်းကားသည်။ မြစ်ညာ၌ ရေဖမ်းနယ်ကျယ်သည်။ အကြေအရပ်၌ နှစ်စဉ်ရေလွှမ်းမှုဖြစ်၍ မြစ်ကြောင်း ပြောင်းလဲမှု မြန်ဆန်သည်၊ မြစ်ရေလည်း တိမ်သည်။

ပန်းမြောင်းအထက်ပိုင်းကို လေးမြို့ချောင်းမင်းပြားအနီးကို ရာမောင်မြစ်၊ ယင်းအောက်ပိုင်းကို ညောင်ခြေတောက်မြစ်၊ ကျွဲကူးမြစ်စသည်ဖြင့် အသီးသီး ခေါ်သည်။ ပင်လယ်သို့ထွက်သည့် မြစ်ချောင်းများစွာ ရှိလာသည်။ အဓိကအားဖြင့် မင်းကြောင်းချောင်း၊ ဆင်ခုံးတိုင်မြစ်၊ ပေါက်ဆိန်ကျမြစ်၊ ကင်းချောင်းမြစ်ဟူ၍ ရှိသည်။

လေးမြို့မြစ်ကို ပါဠိအမည်အားဖြင့် အဥ္စနနဒီမြစ်ဟု တွင်သည်။ ရခိုင်အမည် လေးမြို့မြစ်မှာ ၁၄၃၀-ပြည့်နှစ်မတိုင်မီက ဤကမ်းမြစ်ဝှမ်းတွင် မြို့တော်ကြီးလေးမြို့ အစီအရီ ပေါ်ပေါက်ခဲ့၍ အနွတ္တသညာ တွင်လာခြင်းဖြစ်သည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)