ပြိုင်လောင်းပွဲ

From Arakan Wikipedia
Revision as of 19:46, 8 October 2024 by Ounghlathein (talk | contribs) (Created page with "အတာကူးလ၌ ကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်သည်။ လှီပြိုင်ပွဲဟုလည်...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

အတာကူးလ၌ ကျင်းပသည့် ရိုးရာပွဲတစ်ခုဖြစ်သည်။ လှီပြိုင်ပွဲဟုလည်း ခေါ်သည်။ ပြိုင်လောင်း(လှေ)၏ အတိုအရှည်ကို လိုက်၍ ပြိုင်ပွဲဝင်ကြရသည်။ ပြိုင်လောင်းသည် လှော်ခတ်သူများ ပါလျင် ရေ၌ လက်နှစ်လုံးသာသာခန့်သာ ပေါ်နေတတ်သည်။ ပြိုင်လောင်းပွဲတွင် နိုင်သူကရော ရှုံးသူများကပါ သံချပ်သံတမြိုင်မြိုင်နှင့် အနိုင်မခံ အရှုံးမပေးသော စိတ်ဓါတ်ကို အထူးတက်ကြွစေသည်။ အဝဇ္ဇန်းရွှင်သည့် သံချပ်ဆရာများပါလျင် ပို၍စည်ကားတတ်သည်။

ရခိုင်ရွာတိုင်းလိုလိုပင် ပြိုင်လောင်းရှိခြင်းကို ဂုဏ်ယူတတ်ကြသည်။ ရှေးအခါက ရခိုင်ရေသူရဲများကို ပြိုင်လောင်းပွဲများက ရွေးချယ်ခဲ့ကြ၏။ ရခိုင်ပြိုင်လောင်းပွဲကို မာရဘင်မင်း လက်ထက်က စတင်ခဲ့သည် ဟူ၏။


ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)