မယူမြစ်

From Arakan Wikipedia
Revision as of 14:36, 9 October 2024 by Ounghlathein (talk | contribs) (Created page with "ရခိုင်ပြည်နယ်၏ အနောက်ပိုင်းတွင်ရှိပြီး ရခိုင်တွင် တတိယ အသုံးအ...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search

ရခိုင်ပြည်နယ်၏ အနောက်ပိုင်းတွင်ရှိပြီး ရခိုင်တွင် တတိယ အသုံးအဝင်ဆုံး မြစ်ဖြစ်သည်။ ပြည်နယ်အတွင်း မယူတောင်တန်းနှင့် စိုင်းဒင်တောင်တန်းတို့ ဆုံရာအရပ်၌ပင် မြစ်ဖျားခံပြီး ဘင်္ဂလားပင်လယ်အော်ထဲသို့ စစ်တွေမြို့၏ အနောက်ဘက်တွင် စီးဝင်သည်။ ၉၆ မိုင်မျှ ရှည်လျားသည်။ မိုင်၂၀ ကျော်ထိ တောတောင်များကို ဖြတ်သန်းလာသည်။

ပင်မကုလားပန်ဇင်းချောင်းသည် ဘူးသီးတောင်မြို့ တောင်ဘက်အနီးတွင် စိုင်းတင်ချောင်းနှင့် ပေါင်းစည်းကာ ဆက်လက် စီးဆင်းသည်။ မြစ်ကမ်းလွင်ပြင်သည် မြေဩဇာ ကောင်းမွန်သည်။ ပင်မမြစ်ညာဒေသသည် သဲဆန်မြေ ဖြစ်သည်။ မယူမြစ်ကြောင်းပေါ်၌ ဘူးသီးတောင်မြို့နှင့် ရသေ့တောင်မြို့တို့ တည်ရှိကြသည်။ ဒီရေသည် ဘူးသီးတောင်မြို့အထိ ရောက်သည်။ မြစ်၏အမည်မှာ ပါဠိလို ‘မယူရ’ ဒေါင်းတို့ ပျော်စံရာအရပ်ဟူ၏။ ရှေးအခါက မလ္လာယုနဒီ ဟုလည်း တွင်ခဲ့သည်။


ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)