ဖလောင်းချိတ်
Revision as of 20:20, 10 October 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image ၁၇၉၈ ခုနှစ်တွင် ရခိုင်စစ်ပြေးတို့ကို...")
၁၇၉၈ ခုနှစ်တွင် ရခိုင်စစ်ပြေးတို့ကို ပင်းဝါ အနောက်ဘက်အနီး၌ တည်ပေးခဲ့သည့်မြို့ ဖြစ်သည်။ ဖလောင်း (အင်္ဂလိပ်) တို့က တည်ထောင် (ချိတ်) ပေးခဲ့၍ ဖလောင်းချိတ်ဟု အမည်တွင်သည်။ မစ္စတာကော့စ် (HIRAM COX) က တည်ထောင်သည့် ဈေးဖြစ်၍ အင်္ဂလိပ်လို ကော့စ်ဘဇားဟု တွင်သည်။ ၁၉၅၆ ခုနှစ်ခန့်က ရခိုင်အိမ်ခြေ ၆၀၀ လောက် ရှိခဲ့သည်။ စစ်တကောင်းမြို့တောင်ဘက် ၉၆ မိုင် ဝေးသည်။ ကမ္ဘာပေါ်တွင် အရှည်ဆုံးသော ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ရှိသည်။ ၇၅ မိုင်မျှရှည်သည်။
ရှေးရခိုင်ကာလက အောင်မြေနင်းရာ အရပ်ဖြစ်၍ အောင်ချမ်းသာမြို့ဟု တွင်ခဲ့သည်။ အရှေ့ဘက် ၉ မိုင်တွင် ပင်းဝါ (ရာမူး) တည်ရှိသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)