ဘုရားကြီး-စစ်တွေ
Revision as of 21:35, 17 October 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image စစ်တွေမြို့၌ ၁၈၉၉ ခုနှစ်တွင် သ...")
စစ်တွေမြို့၌ ၁၈၉၉ ခုနှစ်တွင် သွန်းလုပ်သည့် ဆင်းတုတော်ကြီး ဖြစ်သည်။ ကျီပြင်ဘုရားကြီးသည် စစ်တွေတွင် ခေတ္တ သီတင်းသုံးခဲ့ရာမှ ပြန်လည်ပင့်ဆောင်သွားသဖြင့် မြို့ဂုဏ်ဆောင် ဘုရားအဖြစ် သွန်းလုပ်ခြင်းဖြစ်သည်။ ဉာဏ်တော် ၁၄ ပေ ရှိသည်။ သွန်းလုပ်ရာတွင် အသျှင်အဂ္ဂက စီစဉ်ခဲ့ပြီး ကြေးသွန်းဆရာမှာ ဦးဘိုးယောက် ဖြစ်သည်။ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဟု ဘွဲ့အမည် တပ်ထားသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)