မစဲကျွန်း
Revision as of 22:09, 20 October 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image မယူမြစ်ဝ အရှေ့ဘက်ကမ်းတွင် ရှိသ...")
မယူမြစ်ဝ အရှေ့ဘက်ကမ်းတွင် ရှိသည်။ စစ်တွေနှင့် ရသေ့တောင်စပ်ကြား ဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၅၀ မျှရှိ၏။ အမြင့်ဆုံးတောင်မှာ ၆၃၁ ပေမြင့်ပြီး ဦးကင်းတော်စေတီ ကိန်းဝပ်သည်။ ရွာပေါင်းသုံးဆယ်မျှရှိပြီး အကြီးဆုံးရွာမှာ ကူတောင်ရွာ ဖြစ်သည်။ ဦးဂါနှင့် အောက်ဇကိုင်းတို့သည် လူနေထူထပ်သည်။ ကူတောင်နှင့် ဇကိုင်းဂူတို့မှာ ထင်ရှားကြသည်။ ၁၉၀၅ နှင့် ၁၉၇၂ ခုနှစ်တို့တွင် ကူတောင်အနီး၌ ရေနံစမ်းသပ် တူးဖေါ်ခဲ့သည်။ မစဲကို မိုးစဲ၊ မုန်စဲစသည်ဖြင့်လည်း ရေးကြသေး၏။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)