သံတွဲမြို့
ခရိုင်မြို့လည်း ဖြစ်သည်။ ရခိုင်တောင်ပိုင်း သံတွဲချောင်းဝရှိ တောင်ကုန်းပေါသော အရပ်တစ်ခု ဖြစ်သည်။ တောင်ကုတ်နှင့် ဂွတို့သို့ ကားလမ်း အသီးသီး ရှိသည်။ လေယာဉ်ကွင်းမှာ မဇင်အရပ်တွင် ရှိသည်။ သင်္ဘောဆိပ်မှာ မြို့တောင်ဘက် ကားမိုင် ၂၄ မိုင်ဝေးသည့် သပြုချိုင်အရပ် ဖြစ်သည်။
ရှေးဦး အခြေချသူ ဝါသုဒေဝညီနောင်တို့က မြို့ကိုတိုက်ခိုက်ရာ၌ မြို့သည် အာကာသို့ ဝဲပျံမတက်ရလေအောင် သံနှင့်တွဲချိတ်၍ ထားခဲ့သဖြင့် မြို့အမည်တွင်ကြောင်း ဆိုသည်။ ပါဠိ အမည်မှာ ဒွါရာဝတီ ဖြစ်သည်။ ရှေးအဆက်ဆက်ကပင် အရေးပါသည့် မြို့တစ်မြို့ ဖြစ်သည်။ ရခိုင်တွင် မြို့သက်အရှည်ဆုံးမြို့အဖြစ် ထင်ရှားဆဲ ဖြစ်သည်။
ယခင်က သံတွဲမြို့စား (သံတွဲစား၊ သံတွဲမင်း) ဟူ၍ ခန့်ထားခဲ့သည်။ ၁၈၈၅ ခုနှစ်တွင် မြူနီစီပယ်အုပ်ချုပ်ရေးမြို့ ဖြစ်ခဲ့သည်။ ရွှေဆံတော်၊ ရွှေအံတော်၊ ရွှေနံတော်နှင့် ငပလီ တို့မှာ ထင်ရှားကြသည်။
မြို့ပေါ်လူဦးရေ ၁၈၃၂၇ ဦး ရှိသည်။ မြို့ဧရိယာ ၁.၃၇ စတုရန်းမိုင်နှင့် ရပ်ကွက် ၈ ကွက် ရှိသည်။ ၁၉၉၈ ခုတွင် သံတွဲမြစ်ကူးတံတား ထိုးလိုက်သဖြင့် မြို့ကွက် ကျယ်သွားသည်။ ရွှေဆံတော်၊ ရွှေနံတော်၊ ရွှေအံတော်နှင့် ငပလီတို့ကြောင့် ထင်ရှားသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)