Arakan Wikipedia:About

From Arakan Wikipedia
Revision as of 22:27, 24 October 2024 by Wikiadmin (talk | contribs)
Jump to: navigation, search
Sample Image

Arakan Wikipedia ဝဘ်ဆိုက်ကို ၂၀၁၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည်။ ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်းရခိုင်သုတအဘိဓာန် စာအုပ်မှ ဆောင်းပါးများကို ပင်တိုင်ထားပြီး ဖော်ပြကာ နောက်ပိုင်း အချက်အလက်အသစ်များ ဆက်လက်ဖြည့်စွက်သွားရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

Arakan Wikipedia သည် ရခိုင်လူမျိုးတို့၏ နောက်ခံသမိုင်းကြောင်း၊ ဗဟုသုတများနှင့်ပတ်သက်၍ တိကျခိုင်မာသည့် အချက်အလက်များကို ဖော်ပြနေသည့် သီးခြားလွတ်လပ်သော ဝဘ်ဆိုက်တစ်ခု ဖြစ်ပါသည်။

ကိုယ်တိုင်ပါဝင်ရေးသားရန်

Arakan Wikipedia တွင် ပါဝင်ရေးသားလိုပါက ကိုယ်တိုင် အကောင့်အသစ်ဖွင့်ပြီး ပါဝင်ရေးသားကြရန် လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။

အကောင့်ဖွင့်ရာတွင် ပုံမှန်မဟုတ်သည့် အမည်နာမများ၊ အမှန်တကယ် ကိုယ်တိုင် အသုံးပြုနေခြင်း မဟုတ်သည့် Email လိပ်စာများဖြင့် စမ်းသပ်ဖွင့်လှစ်ခြင်းမျိုး ပြုလုပ်ပါက ဝဘ်ဆိုက်က Span အဖြစ်သတ်မှတ်ပြီး ခွင့်မပြုခြင်း၊ တည်းဖြတ်၍ မရခြင်း၊ ရေးသားမရခြင်းများ ကြုံရနိုင်ပါသည်။

နိုင်ငံရေးအရ အလွန်အမင်း အကဲဆတ်သည့် အရေးအသားများကိုလည်း ရေးသား၍ ရနိုင်မည် မဟုတ်ပါ။

ဆက်သွယ်ရန်

အကောင့်ဖွင့် ရေးသားရာတွင် အဆင်မပြေမှုများ၊ ဖော်ပြထားသည့် အချက်အလက်များတွင် ထပ်မံဖြည့်စွက်လိုသည်များ ရှိပါက [email protected] သို့ အချိန်မရွေး ဆက်သွယ် နိုင်ပါသည်။