ဘူမိနက်သန်မြေ
Revision as of 22:59, 27 October 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image မြောက်ဦးမြို့ရာကို ရှာသည့်အခါ...")
မြောက်ဦးမြို့ရာကို ရှာသည့်အခါ မြောက်ဦးချောင်းဖျား လက်ယာရစ်ယောက်သော သင်နွယ်တောတွင် ကြွက်သည် ကြောင်ကို ပြန်၍လိုက်ခြင်း၊ ဖားက မြွေကိုပြန်၍လိုက်ခြင်း၊ ချေက ကျားကို ပြန်၍လိုက်ခြင်း နိမိတ်သုံးပါးနှင့် ထိုအရပ်၌ ခမောင်းပင်ကြီးမှ တောက်တဲ့ဖြူ ငါးကောင်ရခြင်း၊ နန်းဆောက်မည့်နေရာမှ မြေဖြူတစ်စဉ့်အိုး ရခြင်းစသည့် နိမိတ်တိတ်တရင်း တို့ကြောင့် ဘူမိနက်သန်အောင်မြေအမှန်ဟု ဆိုခဲ့ကြသည်။
ကိုးကား
၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)