ဘူးသီးတောင်မြို့

From Arakan Wikipedia
Revision as of 23:10, 27 October 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image မယူမြစ်အဝမှ ၇၅ မိုင်အကွာ ကုလား...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

မယူမြစ်အဝမှ ၇၅ မိုင်အကွာ ကုလားပန်ဇင်းချောင်း၏ လက်ဝဲကမ်းတွင် တည်ရှိသည်။ တောင်ကုန်းတောင်ကမူများ ပေါများသည်။ ၁၉၀၅ ခုတွင် မြို့ဖြစ်လာသည်။ ဘူသီးနှင့် တူသောတောင် ရှိသည်ကို အစွဲပြု၍ မြို့အမည်တွင်သည်။ အနောက်ဘက် မယူတောင်ကို ကျော်၍ မောင်တောသို့ ကားမိုင် ၁၆ မိုင် ဝေးသည်။ ခရီးလမ်းဆုံကျ၍ စည်ကားသည်။ မြတောင်စေတီ၊ လေးမျက်နှာစေတီ၊ လက်ဝဲတက်စေတီတို့မှာ ထင်ရှားကြသည်။ မြို့ပေါ် လူဦးရေ ၁၉၉၁၄ ဦးရှိသည်။ မြို့ဧရိယာ ၀.၆၉ စတုရန်းမိုင်နှင့် ရပ်ကွက် ၇ ကွက် ရှိသည်။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)