မောက်သူဇာ
Revision as of 20:13, 12 November 2024 by Ounghlathein (talk | contribs) (Created page with " 300px|thumb|right|Sample Image ဝေသာလီမင်းတို့ ပိုင်ခဲ့သည့် မ...")
ဝေသာလီမင်းတို့ ပိုင်ခဲ့သည့် မြို့တစ်ခုဟု ရာဇဝင်တို့က ဆိုသည်။ ဘင်္ဂလားတွင်ရှိပြီး မိုရှီဒါဘတ်မြို့ဟု ယူဆကြသည်။ ဘင်္ဂါဆယ့်နှစ်မြို့ဝင်ဟု ယူဆထားကြသည်။ ငနှလုံးမင်း လက်ထက် အနောက်သို့စစ်ချီသည့်အခါ ဤမြို့တွင် ဆင်ကဲကြီးက ချရပ်နေခဲ့သည်။ မင်းထီးလက်ထက် မောက်သူဇာ ဘင်္ဂါဆယ့်နှစ်မြို့ကုလားတို့ သက်နှင့်ပေါင်းပြီး၍ ဒီလီပဆာမင်းထံဝင်လျက် သောင်းကျန်းလေပြန်ရာ တပ်တော်ချီစေခါ နှိမ်နင်းခဲ့သည်။ မင်းဘာကြီး၊ မင်းဖလောင်းနှင့် မင်းရာဇာကြီး လက်ထက်တို့တွင် လက်ဝင် ရှိခဲ့ပြီး ကုလားဆယ့်နှစ်မြို့ကိုလည်း အုပ်ချုပ်ရသည်။
ကိုးကား
ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)