မြောင်းဘွေ

From Arakan Wikipedia
Revision as of 20:03, 26 November 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image မြောက်ဦးမြို့မှတောင်ဘက် ကားမို...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

မြောက်ဦးမြို့မှတောင်ဘက် ကားမိုင် ဆယ်မိုင်အကွာ လေးမြို့မြစ်လက်ဝဲကမ်းရှိ ရပ်ကြီးရွာကြီး ဖြစ်သည်။ ဥယျာဉ်ခြံမြေ ထွက်ကုန်ကြောင့် ထင်ရှားသည်။ အထက်တန်းကျောင်း၊ တိုက်နယ် ကျန်းမာရေးဌာနှင့် ရဲစခန်း ရှိသည်။ လူဦးရေ ၂၃၅၄ ဦးရှိသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက လက်ထောက်မြို့ပိုင် ရုံးစိုက်ခဲ့သည်။ မြောင်းဘွေတံတားသည် မြောက်ဦးနှင့် မင်းပြားအပိုင်းတွင် အဓိကတံတား ဖြစ်သည်။ ၂၅-၁၀-၉၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။ တံတားအရှည် ၇၄၀ ပေ ဖြစ်သည်။ အပေါ်ထည်မှာ ဘေလီသံဘောင်၊ အုတ်မြစ်နှင့် အောက်ခြေမှာ သံကူကွန်ကရစ် ဖြစ်ကြ၏။

ကိုးကား

၁။ ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)