အိမ်ပြန်လည်ပွဲ

From Arakan Wikipedia
Revision as of 20:27, 27 November 2024 by Ounghlathein (talk | contribs) (Created page with "300px|thumb|right|Sample Image သမက်တက်ပွဲပြီး၍ တစ်ပါတ်စေ့သော...")
(diff) ← Older revision | Latest revision (diff) | Newer revision → (diff)
Jump to: navigation, search
Sample Image

သမက်တက်ပွဲပြီး၍ တစ်ပါတ်စေ့သောနေ့တွင် သမက်သျှင်သည် မိမိဇနီးနှင့်အတူ မိဘအိမ်သို့ တစ်ရက်တာ လည်ပတ်ခြင်း ဖြစ်သည်။ သမီးသျှင်က သမီးစောင့်ပွဲတွင် ပေးလာသောထမိန်ကို ဖြစ်အောင် ဝတ်ရသည်။ သမက်သျှင်၏ အမျိုးအနွယ်အဖြစ် အသိအမှတ် ပြုခြင်းကို ခံယူရခြင်းဖြစ်သည်။ အိမ်ပြန်လည်စဉ် သမက်သျှင်၏ မိဘဆွေမျိုးများနှင့် သမီးသျှင်အား သိကျွမ်းစေသည်။ ဤပွဲပြီးမှ သမက်တက်ပွဲ ပြီးဆုံးသည်ဟု သတ်မှတ်ကြသည်။ ခြုပ်မစီပွဲတွင် သမက်သျှင်ကသာ ယောက်ခမအိမ်သို့ အိမ်ပြန်တက်ပွဲပင် ဖြစ်သည်။

ကိုးကား

ရခိုင်သုတအဘိဓာန် - အောင်လှသိန်း (၂၀၁၅)